
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်ကျင်းပပြုလုပ်သော ဥပဒေ၊ မူဝါဒလုပ်ငန်းအဖွဲ့ သတင်း မီဒီယာအဖွဲ့၊ Online Shopping အဖွဲ့များနှင့်တွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ Zoom Meeting ဖြင့်တက်ရောက်ခဲ့ပါသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့် အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး များနှင့်ဌာနခွဲတာဝန်ခံများမှရှင်းလင်းဆွေးနွေးတင်ပြခြင်းများဆောင်ရွက်ခဲ့ကာ ညွှန်ကြားရေးမှူးချုပ် မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးအား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရ ပါသည်။
DOCA(တနင်္သာရီ)
