သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
12 Jan 2024

     စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပေးသော စားအုန်းဆီများအား ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ရခိုင်ပြည်နယ်သို့ MV- MOON Light သင်္ဘောဖြင့် သယ်ဆောင်လာသည့် စားအုန်းဆီ ( ၂၅၀၀ ပီပါ ) အား စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့ ၊ နံနက်  (၁၀:၀၀) နာရီအချိန်တွင် စစ်တွေမြို့၊ ရခိုင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

12 Jan 2024

   စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည် ၅.၁.၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန၌ “အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

12 Jan 2024

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦး‌ဇော်ထွန်းဦးနှင့်ဝန်ထမ်းများသည် စားသုံးသူပြည်သူများအား အခွင့်အရေးများရရှိစေရန်နှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ်ဝယ်ယူတတ်စေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့၊ ဆယ်ရွာကျေးရွာ၊ အမှတ်(၅၆)အခြေခံ

12 Jan 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်နှင့်ဝန်ထမ်းများသည် (၂-၁-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၊ အမှတ်(၆၂)၊ အခြေခံပညာမူလတန်းကျောင်း၌ ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၇၄)ဦး၊ မိဘပြည်သူ (၁၆)ဦး တို့အား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

12 Jan 2024

    စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ် ၆ ရက်နေ့တွင် မုံရွာမြို့၊ ပညာရေးကောလိပ်နှင့် ပြည်ထောင်စုဈေးတို့တွင်    နံနက် (၀၈:၀၀) နာရီအချိန်တွင် သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

Pages