သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် ငန်းတေးအိမ်ရာမှူးနှင့် ပူးပေါင်း၍ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင်မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဦးအောင်ညီညီခန့်သည် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မော်လမြိုင် မြို့နယ်၊ မောင်ငံရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ အား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

22 Jul 2025
၄.၇.၂၀၂၅ ရက်နေ့၊နေ့လယ် (၁၄:၀၀) အချိန်တွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် ချောင်းဆုံမြို့နယ်၊ ကမနင်းကျေးရွာရှိ “Diamond Star” ဆန်စက်လုပ်ငန်းရှင် နှင့်တွေ့ဆုံခဲ့ပါသည်။

22 Jul 2025
၄.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ချောင်းဆုံ မြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များနှင့်ဆန်ဆိုင်များတွင် ဆန်များအားဈေးနူန်းမြှင့်တင်ရောင်းချ ခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

