သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Aug 2024

    မွန်ပြည်နယ်၊ သထုံမြို့နယ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ၂၁.၈.၂၀၂၄ရက်နေ့တွင် သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

27 Aug 2024

     ၂၁.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ သထုံ-ဘားအံလမ်းတွင် ဆန်/စပါးကုန်သည်အသင်းနှင့် ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ သက်သာသော ဈေးနှုန်းဖြင့် ဆန်များရောင်းချရာတွင် စနစ်တကျရှိစေရေး စားသုံးသူပြည်သူများ လက်ဝယ်အမှန်တကယ်ရောက်ရှိရေး၊ သင့်တင့်မျှတသော ဈေးနှုန်းဖြစ်စေရေးအတွက် ကြီးကြပ် ဆောင်ရွက်ခဲ့သည်။

27 Aug 2024

       ၂၁.၈.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ အသင့်စားမုန့်အမျိုးမျိုးထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့သည်။

27 Aug 2024

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၂-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်ရှိ အမှတ် (၃၈/A)၊ လမ်းသစ်လမ်း၊ နံ့သာကုန်းရပ်ကွက်ရှိ ရွှေအိုးဆေးဆိုင်သို့သွားရောက်၍ ဆေးနှင့် ဆေးပစ္စည်းများဈေးနှုန်းနှင့် ဆေးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

27 Aug 2024

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဦးဇော်မင်းဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၁-၈-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် အင်းစိန်မြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

Pages