
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက် (၀၉:၀၀) အချိန်တွင် ဇလွန်မြို့နယ် ညောင်ပင်ဈေးရပ်ကွက်ရှိ ဓနသိဒ္ဓိဆန်စက်၌ ဆန်စက်လုပ်ငန်း ရှင်(၂၁) ဦးအား MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး အသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ ဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ သိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိကြောင်း ၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား အသေးစိတ် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။
DOCA (ဧရာဝတီ)
