
ထိုသို့ဆောင်ရွက်ရာတွင် မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင် ပြည်သူများအား မဲဆန္ဒရှင်စာရင်းကပ်ထား ကြေညာထားရှိမှုအသိ ပညာပေးခြင်း နှင့်မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် သရုပ်ပြ မဲပေးခြင်းကို ၂၀၂၅ ခုနှစ်အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဆောင်ရွက်သွာမည်ဖြစ်ရာ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊မုံရွာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊လယ်တီ စည်ပင်သာယာ ဈေးများ ဖြစ်သော လယ်တီရပ်ကွက်ပြည် ထောင်စုဈေး၊အောင်ချမ်သာရပ်ကွက်ရှိ အောင်ချမ်းသာဈေးနှင့် မြို့သစ်ရပ် ကွက်ရှိ ဗန္ဓုလ ဈေးများတွင် စတင်ဆောင်ရွက်ခဲ့ပါသည်။
ဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနည်းကို သရုပ်ပြ၍ စမ်းသပ်မဲ ပေးခြင်းများဆောင်ရွက်စေခဲ့ပြီး စမ်းသပ်မဲပေးသည့် ပြည်သူများအား မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ တိုင်း/ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
