သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ ၄၁ပါ ကုန်အညွှန်းအမှတ်အသားများနှင့်ပြည့်စုံမှုမရှိသော ကုန်စည်များကိုထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ (၁၉/၂၀၂၃)ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ၎င်းဟောပြောပွဲသို့ ဝန်ထမ်း(၉)ဦးတက်ရောက်ခဲ့ပါသည်။
ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဦးဆောင်မှုဖြင့် ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင် (၁၀) ရပ်ကွက်ရှိ ငွေကြယ်စင် ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှုနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊စာသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံဦးမင်းဇော်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်ဖျာပုံခရိုင်ရုံးCommunity Centre ခန်းမ၌ “စားသုံးသူကာကွယ်ရေး” အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုပေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့်ကျောင်းများသို့ ားရောက်၍ စိမ်းလန်းစိုပြည်သော ကျောင်း အခြေခံစံနှုန်းနှင့် အညွှန်းကိန်းများနှင့်အညီ အကဲဖြတ်အမှတ်ပေးခြင်းတို့ကို နတ်တလင်းမြို့နယ်၊ (အ.ထ.က)အခြေခံပညာအထက်တန်းကျောင်းနှင့် ပွတ်စုကျေးရွာ (အ.လ.က) ကျောင်းများတွင် သက်ဆိုင်ရာဌာနများပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူး