သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Aug 2024

   ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖေ်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ အောင်မင်္ဂလာဈေးရှိ မုန့်ဆိုင်များသို့သွားရောက်ကာ အသင့်စားမုန့်အမျိုးမျိုးကို

08 Aug 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်နှင့် မြို့နယ် ဦးစီးမှူးဦးလှထွဋ်ဦးတို့သည် (၂.၈.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဦးစီးမှူးရုံးတွင် စားသုံးဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

08 Aug 2024

     ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊   အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည်  (၅.၈.၂၀၂၄) ရက်နေ့ ၊ နံနက်(၁၀:၀၀)နာရီတွင်  မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်း၍ ဆန်စက်အသင်းရုံးတွင် စားသုံးသူပြည်သူများအား ဆန်ရောင်းချမှုအား  ကြီးကြပ် ဆောင်ရွက်ခဲ့ပါသည်။

08 Aug 2024

      ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၂.၈.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၂:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်အသင်းရုံးတွင် ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

08 Aug 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့မှ (၃၁)

Pages