သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံပျော်ခရိုင် ၊ ကျောင်းကုန်းမြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူ ကျောင်းကုန်းမြို့နယ် ကညင်သုံးဆင့် အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများ ၊ ကျောင်းသူ/ကျောင်းသားများ (၁၅၀) ဦး အား ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
၁၄.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သထုံမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ၁၅.၁၂.၂၀၂၃ ရက်နေ့တွင် ပေါင်မြို့နယ်ရှိ ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်သောက်အချိုရည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
၁၅.၁၂.၂၀၂၃ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ရုံးဝန်ထမ်းများအဖွဲ့သည် မုဒုံမြို့နယ်၊ အ.လ.က (ခွဲ)စာစင်လမ်းမကြီးကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ အစည်းအဝေး( ၄/၂၀၂၃ )ကို (၁၈.၁၂.၂၀၂၃)ရက်န့၊ (၁၃:၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ စီးပွားရေးရာဝန်ကြီး ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။