ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့ရှိ “တံခွန်” (စက်မှု လက်မှုလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် MSMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၂၅.၉.၂၀၂၅ ရက်နေ့တွင် ကျောက် တံခါးမြို့နယ်တာဝန်ခံရုံးမှ ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့ရှိ “တံခွန်” (စက်မှု လက်မှုလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်း၏ လတ်တလော အခြေအနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ဒု-ဦးစီးမှူး ဒေါ်ဇင်မာထွေးသည် လုပ်ငန်းရှင် ဦးတင့်လွင်အား လုပ်ငန်းအခြေအနေများ မေး မြန်းခဲ့ရာ ဦးမင်းဇော်ဦးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် စိန်ခေါ်မှု များကို တင်ပြရာ ဒုဦးစီးမှူးက မှတ်တမ်းတင်ထားကာ ပဲခူးမြို့တွင် ကျင်းပမည့် MSMEs ကဏ္ဍ လယ်ယာသုံးစက်ကိရိယာပြပွဲသို့ ပြသမည့် စက်ပစ္စည်းများစာရင်း၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ၊ နေရာချထားရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ပါသည်။ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)