သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Dec 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဆန် စျေးကွက်အတွင်း  စျေးနှုန်းမြှင့် တင်ရောင်းချမှု မရှိစေရေးနှင့် ဆန်များ ပြတ်လပ်မှု ရှိ/မရှိကို ၅.၁၂.၂၀၂၄ ရက်နေ့ နံနက် ၁၀၀၀ နာရီက မိတ်ဖက်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးသည်။

23 Dec 2024

    ဓနုဖြူမြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့တိူ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပါဝင်လျက် ၅-၁၂-၂၀၂၄ ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်မှစ၍ ဓနုဖြူမြို့နယ် လက်လီဆန်အရောင်းဆိုင်(၇)ဆိုင်သို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

23 Dec 2024

            စားသုံးသူရေးရာဦးစီးဌာန၊  သာယာဝတီခရိုင်၊  သာယာဝတီမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center တွင်စားသုံးသူအသိပညာပေး Talk Show ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

23 Dec 2024

    ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနများမှ တာဝန်ရှိသူဝန်ထမ်းများသည် မြို့နယ်တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အခြေအနေကို အပါတ်စဉ် နှိုင်းယှဉ်ချက် စာရင်းကောက်ယူရန်အတွက် မြို့မဈေး၊ မင်္ဂလာဈေး၊ အခွန်လွန်ဈေးတို့မှ အခြေခံစားသောက်ကုန်အမျိုးမျိုးဈေးနှုန်းကို ကွင်းဆင်းစုံစမ်းမေးမြန်း ဆောင်ရွက်ခဲ့ကြသည်။

23 Dec 2024

            စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ရွှေဥဒေါင်းရပ်ကွက်၌ သာယာဝတီခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူတို့သည် (၆.၁၂.၂၀၂၄)ရက်နေ့ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပြည်သူ(၈၇)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရသည်။

Pages