သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Dec 2024

            ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့မှ စားသုံးသူရေးရာဦးစီဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့ သဖန်းပင်ဆိပ်အုပ်စု သပြေကုန်းရွာ အခြေခံပညာမူလတန်းကျောင်း၌ (၆-၁၂-၂၀၂၄)ရက် နံနက် (၁၀:၀၀)နာရီအချိန်တွင် မိတ်ဖက်ဌာနဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများကို စားသုံးသူရေးရာနှင့် ပတ်သက်သော အကြောင်းအရာများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

20 Dec 2024

             နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၆.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် ဘွဲ့ပင်ကန်ရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်၍ စားသုံးသူရေးရာဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောခြင်း၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲအခမ်းအနားများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

20 Dec 2024

           နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ ပူးပေါင်း၍ (၆.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းသို့ သွားရောက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

20 Dec 2024

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  စားသုံးသူ‌ရေးရာဦးစီးဌာန နတ်တလင်းမြို့နယ် တာဝန်ခံရုံး၌ စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံမှ (၆-၁၂-၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူများအား Online  အွန်လိုင်းမှတဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း အသိပညာပေးဆွေးနွေး ခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။

20 Dec 2024

              စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (

Pages