ညောင်လေးပင်မြို့ရှိ ဆေးဆိုင်များတွင် ဆေးများပြတ်လပ်မှု ရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ ၂၆.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် ဆေးများ ပြတ်လပ်မှုရှိ/ မရှိ၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ် ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ တွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဆေးဆိုင်များအား ပြည်သူ များကို သတ်မှတ်ထားသည့် ဈေးနှုန်းများထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်၊ ရက်လွန်၊ သက်တမ်းလွန်နေသည့် ဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေး ဟောပြောခဲ့ပါသည်။ စစ်ဆေးချက်များအရ ညောင်လေးပင်မြို့တွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးများ ပြတ်လပ်မှုမရှိ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)