သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်ဦးစီးမှူးသည် (၁၅-၁၂-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်၊ ခမောက်စုကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး ၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

22 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့၊ မြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍  ဇလွန်မြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များအား (၁၁-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

22 Dec 2023

    စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ဇလွန်မြို့နယ်၊ တာကြီးတန်းရပ်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ ၃၅၀ဦး အား (၁၄-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌  စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

22 Dec 2023

  မကွေးတိုင်းဒေသကြီး၊ ဆန်စပါးကုန်သည်များအသင်း၏ အကြောင်းကြားလာမှုအရ ပွင့်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗိုလ်ဥတ္တမခန်းမ၌ (၁၂-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၏ ဆန်၊ စပါးကုန်သည်များအသင်း(၂၀၂၄-၂၀၂၇)အား ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် မြို့နယ်အထွေထွေဦးစီးဌာန၏ ပံ့ပိုးကြီးကြပ်လမ်းညွှန်မှုဖြင့် ကြီးမှူးကျင်းပခဲ့ပါသည်။

21 Dec 2023

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်အနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျောင်းများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများ စသည့် နေရာဒေသများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာလ ၁၅ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်က စစ်ကိုင်းခရိုင်/စစ်ကိုင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ ဝန်ထမ်း (၂၉)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ  အသိပညာပေး ဟောပြော ဆွေးနွေးခဲ့ပါသည်။

Pages