သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Dec 2023

       စားသုံးသူရေးရာဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရေကြည်မြို့နယ်၊ သရက်ပင်လှ အ-မ-က ရှိ ဆရာ/မ (၈)ဦးနှင့် ကျောင်းသား/သူ (၁၈၇) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခဲ့ပါသည်။

22 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၁၈-၁၂-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ (၂/၂၀၂၃) ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်‌ရေးသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းက (၁၈-၁၂-၂၀၂၃) ရက်နေ့နှင့် (၁၉-၁၂-၂၀၂၃) ရက်နေ့ (၂) ရက်သင်ကြားမည်ဖြစ်ပြီး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန်ရည်ရွယ်ကြောင်း အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ပါသည်။

22 Dec 2023

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဝင်းမြင့်သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာတင်ဝင်းအောင်၊ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါက်တာအောင်ကျော်ကျော်၊ မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးထွန်းလင်းအောင်၊ အငယ်တန်းစာရေး ဦးကျော်မျိုးသက်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒု-လက်ထောက်ကြီးကြပ

22 Dec 2023

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ၏ (၆/၂၀၂၃) အစည်းအဝေးကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နေ့လယ် (၁၆:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) တွင်ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်သည့်အခါ သက်ဆိုင်ရာအစိုးရဌာန၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့်ပူး‌ပေါင်းဆောင်ရွက်ခြင်း၊ အကြံညဏ်မ

22 Dec 2023

    ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်းပါဝင်၍ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ငပုတောမြို့၊ အ-မ-က (၁) ကျောင်းရှိ  ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများ (၂၅၃) ဦးအား စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ ဟောပြောဆွေးနွေးခဲ့ပါသည်။

Pages