သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Dec 2024

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို  ဆောင်ရွက်ရာ၌ ဦးစားပေးကုန်စည် (၁၀)မျိုးအား မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ဥက္ကဋ္ဌထံတင်ပြ၍ ခွင့်ပြုချက်အရ သတ်မှတ်ထားပါသည်။ ၎င်းရွေးချယ်ထားသော ဦးစားပေး ကုန်စည်(၁၀)မျိုးမှာ အသင့်သောက်အချိုရည်အမျိုးမျိုး၊

24 Dec 2024

     စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည်( ၆.၁၂.၂၀၂၄ )ရက်နေ့ ၊ နံနက် (၁၁:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့၊ဌေးဝင်းဈေးအတွင်းရှိ စားအုန်းဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

24 Dec 2024

 စားသုံးသူရေးရာဦးစီးဌာန၊ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၅.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

24 Dec 2024

             ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာနခွဲ မှ ဦးစီးမှူးဦးတင်ချစ်ကောင်းနှင့် ဝန်ထမ်းသည် မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ ဆေးဝါးပြတ်လပ်မှုရှိ/ မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိတို့ကို ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

24 Dec 2024

    ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့တွင် (၈.၁၂.၂၀၂၄)ရက်နေ့တွင်  မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအဖွဲ့ မှ မိမိတို့ဒေသရပ်ကွက်၊ ကျေးရွာများနှင့် ဈေးများတွင် ကြက်ဥ၊ ဘဲဥ နှင့် အသားငါးများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရှိရပါသည်။

Pages