ရွှေဦးဝေစပါးခွံအမှုန့်ကြိတ်စက်ရုံ၏ ထုတ်လုပ်မှုကဏ္ဍအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်း၊ ခရိုင်စာရင်းစစ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်တင်တင်ဝင်းနှင့် ဦးစီးအရာရှိ ဒေါ်တင်နီလာဦးတို့သည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောင်စွန်းကျေးရွာရှိ ရွှေဦးဝေစပါးခွံအမှုန့်ကြိတ်စက်ရုံအတွက် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေချေးယူပြီး လည်ပတ်လျက်ရှိသော စက်ရုံ၏ထုတ်လုပ်မှုကဏ္ဍ အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သထုံမြို့နယ်၊ တောင်စွန်းကျေးရွာရှိ ရွှေဦး‌ဝေစပါးခွံ အမှုန့်ကြိတ်စက်ရုံမှာ စပါးခွံအမှုန့်ကြိတ်စက်ရုံတည်ထောင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် (၁၀၀) သန်းထုတ်ချေးခဲ့ပြီး အဆိုပါ ကျပ် (၁၀၀) သန်းဖြင့် (အလျား ၃၀ပေx အနံ ၄၅ပေx အမြင့် ၂၀)ပေရှိ အဆောက်အဦတွင် စပါးခွံကြိတ်စက်တည်ဆောက်ခဲ့ပြီး စက်ရုံ လည်ပတ်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ပထမ(၆)လတာကာလအတွင်း စပါးခွံ (၃၆၀၀) တန် ဝန်းကျင်ထုတ်လုပ်ပြီး တစ်တန်လျှင် (၈၀၀၀၀) ကျပ်ဖြင့် မွန်ပြည်နယ်အတွင်း ရောင်းချဖြန့်ဖြူး လျှက်ရှိပြီး အဆိုပါလုပ်ငန်းမှာ တိုးတက်မှုရှိကြောင်း သိရှိရပါသည်။

        DOCA (မွန်)