သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Dec 2024

     ၉.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်၍ မော်လမြိုင် ခရိုင်ဦးစီးမှူးနှင့် ရုံးအဖွဲ့၊ မုဒုံမြို့နယ်တာဝန်ခံတို့ ပူပေါင်း၍ မုဒုံမြို့နယ် အ.လ.က (ခွဲ) တာပသွန် ကျောင်းသို့ သွားရောက်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။

24 Dec 2024

     ၁၀.၁၂.၂၀၂၄ ရက်နေ့ နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် (၁၁.၁၁.၂၀၂၄)ရက်နေ့မှ (၂၁.၁၁.၂၀၂၄)ရက်နေ့ထိ ရေးခရိုင်အတွင်းရှိ စက်ရုံ အလုပ်ရုံ (၃၉)ခု၏ ကုန်ထုတ်လုပ်မှုများ စစ်ဆေးဆောင်ရွက်ပြီးစီးခြင်းအပေါ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ရေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စက်ရုံအလုပ်ရုံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီ

24 Dec 2024

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးဆောင်၍ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၉.၁၂.၂၀၂၄ ရက်နေ့တွင် မုဒုံမြို့နယ်၊ အ.လ.က (ခွဲ) တာပသွန်ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

24 Dec 2024

     ၉.၁၂.၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မုဒုံမြို့နယ်၊ အ.ထ.က (ကွေ့ဝမ်း) ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရှိရပါသည်။

24 Dec 2024

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၁.၁၂.၂၀၂၄) ရက်နေ့တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ၏ Talk Show အစီအစဉ်တွင် ဒီဂျစ်တယ် ငွေကြေးဆိုင်ရာနှင့်ပတ်သက်၍ စားသုံးသူအသိပညာပေး ဆွေးနွေးခဲ့ပါသည်။

Pages