သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
26 Dec 2024

             ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ ဓာတ်မြေဩဇာဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

26 Dec 2024

   ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊   နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့၊ ကမြောကင်းလမ်း၊ ကရပ်ပြင်ရပ်၊ ဝဲကျွန်းရပ်များရှိ ဆန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

26 Dec 2024

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစစ၊ မြို့မရဲစခန်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရ

26 Dec 2024

      ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက် (၀၉:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စစစ၊ မြို့မရဲစခန်း၊ မြို့နယ်ပြန်/ဆက်နှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

26 Dec 2024

              ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျှက်ရှိသော သုံးခွမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥဆိုင်များသို့ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

Pages