
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူပြည်သူများ ဘေးအန္တ ရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောစားသုံးဆီများ ဝယ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့၌ စားသုံးဆီအမျိုးမျိုး ရောင်းချသည့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များသို့ သွားရောက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော ရောနှောဆီအပါအဝင် စားသုံးဆီ အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ကုန်စည်အုပ်စု(၈)ခုတွင်ပါရှိရမည့်အချက်အလက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော အမိန့်အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ ရှိရပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ဆွေး နွေးခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
