သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဖျာပုံမြို့ (၈) ရပ်ကွက် ၊ အမှတ်(၃) ကျောင်းရှိ ဆရာ/ဆရာမ၊ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၁၃) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်နှင့် မြို့မဈေးကြီးအတွင်းရှိ ဆန်ဆိုင်များအား ဌာနဆိုင်ရာအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၁၃) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် ဖျာပုံ၊ဘိုကလး၊ ကျိုက်လတ်၊ ဒေးဒရဲမှမြို့နယ်တာဝန်ခံများ၊ ဆီထုတ်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍အစည်းအဝေးပြုလုပ်ကျင်းပခဲ့ကြပါ သည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြမြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့် ဝန်ထမ်းများသည် (၁၃.၈.၂၀၂၄) ရက်နေ့ နံနက်(၀၉;၃၀)နာရီက မြို့နယ်ဆန်စက်ပိုင်ရှင်အသင်းရုံးတွင် ဆန်စက်ပိုင်ရှင်နှင့်စက်ပိုင် ကိုယ်စားလှယ်များအား စားသုံးသူအသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည် (၁၃.၈.၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်မှုလုပ်ငန်းသုံးဆီ လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။