သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၀.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊အမှတ်(၂) ရပ်ကွက်၊ဆေး/တဲလမ်းရှိအုပ်ချုပ်ရေးမှူးရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၉.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည်(၉.၁၂.၂၀၂၄)နေ့ ၊နံနက် (၁၁:၃၀)အချိန်တွင် ဟင်္သာတမြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စုရှိ ဓမ္မာရုံတွင် စားသုံးသူပြည်သူ (၇၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ တာဝန်ရှိသူများသည် မအူပင်မြို့နယ်အတွင်း အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိအခြေအနေကို မြေပြင်ကွင်းစစ်ဆေးခြင်းလုပ်ငန်းကို (၁၀.၁၂.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)အချိန်က မအူပင်မြို့နယ်တွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည်(၁၀.၁၂.၂၀၂၄)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်အတူ ကြံခင်းမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။