သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
23 Aug 2024

     စားသုံးသူရေးရာဦးစီးဌာနမှ မအူပင်ခရိုင်၊ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ပန်းတနော် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်တို့သည် (၁၆.၈.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က ပန်းနော်အုန်းပင်စုကျေးရွာရှိ စိုင်းအောင်လင်းထွန်း ဆန်စက်သို့ သွားရောက်၍အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာမှုရှိစေရေး ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းလေ့လာစစ်ဆေးခဲ့ကြသည်။

23 Aug 2024

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ပူးပေါင်း၍ ၁၇-၈-၂၀၂၄ ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်ခန့်တွင် ညွှန်ကြားချက်အရ ကြောက်စရာဆီများ မိမိဒေသအတွင်း ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

23 Aug 2024

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီရောင်းချနေမှုအခြေအနေအား ဩဂုတ်လ ၁၇ရက်၊ နံနက် (၀၈း၀၀) နာရီအချိန်တွင် ပဲခူး-ရန်ကုန် ကားလမ်းမကြီးဘေး ဝဲ၊ ယာ သုံးခွမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

23 Aug 2024

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေး Talk Showကို ၂၀၂၄ခုနှစ် ဩဂုတ်လ ၁၆ရက်နေ့၊ နေ့လယ် (၁၁:၀၀) နာရီ အချိန်တွင် ဓနုဖြူလူထု အခြေပြုဗဟိုဌာန Communit Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

23 Aug 2024

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသည့် ကုန်မျိုးစုံဆိုင်နှင့် ကုန်ခြောက်ဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ "ကြောက်စရာဆီတွေ" ခေါင်းစဉ်နှင့်ရေးသားထားသော ဝက်ဆီဆတ်ကြော်ရာမှ ထွက်လာသည့်ဝက်ဆီများ သုံးခွမြို့နယ်တွင် ထုတ်လုပ်နေခြင်းရှိ/မရှိနှင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းများရှိ/မရှိတို့အား ဩဂုတ်လ ၁၇ရက်၊ နံနက် (

Pages