သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၁၁.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၂၀)နာရီအချိန်တွင် သနပ်ပင်မြို့အတွင်းရှိ လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၄)ရက်နေ့ ၊နေ့လယ် (၁၄:၀၀)အချိန်တွင် အင်္ဂပူမြို့၊ ကျွဲဇင်းကျေးရွာရှိ “ရွှေတံခွန်”ဆန်စက်၌ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်း ဆင်းဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့် ဝန်ထမ်းတို့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၁၀) ရက် ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၅) ရပ်ကွက် အ .မ.က ကျောင်းရှိ ကျောင်းသား/သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၉.၁၂..၂၀၂၄)ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်များနှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်၊ရွာသစ်ရပ်ကွက်ရှိ မြို့မဈေးတာဝန်ခံရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းနှင့် Online မှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့သည် (၁၀.၁၂.၂၀၂၄) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ပန်းတနော်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မုန့်မျိုးစုံအရောင်းဆိုင် (၇)ဆိုင်တွင် ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်းသိရသည်။
