
၁၆.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show)” အားကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးမှ “Talk Show” ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီမှလည်း “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာအသိပညာပေးခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ၌ အွန်လိုင်းမှတ်ပုံတင် ခြင်းနှင့်ပတ်သက်သည့် အမိန့်ကြော်ငြာစာများဖြစ်သည့် (၅၀/၂၀၂၃) (၅၁/၂၀၂၃) အား လည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်စနစ်စတင်အသုံးခဲ့သည့် ရက်စွဲ၊ မှတ်ပုံတင်မည့် လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ပူးတွဲတင်ပြရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူများလိုက်နာရမည့်စည်းကမ်းချက်များ၊ မှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်များအကြောင်းကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
