သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် (၁၁.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိကုန်စုံဆိုင်များအား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကို ပဲခူးမြို့နယ်တာဝန်ခံ ဦးစိုးဝင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံ ဦးကျော်ဆန်းဝင်းနှင့် တာဝန်ရှိဝန်ထမ်းများမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ၊ ပဲခူးမြို့နယ် အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ၊ ပဲခူးမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည်(၁၁.၁၂.၂၀၂၄)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှု

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် (၁၂.၁၂.၂၀၂၃) ရက်နေ့၊နံနက် (၀၉:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့ပေါ်ရှိ ဆေးမျိုးစုံရောင်းချသည့်နေသည့် ဆိုင်(၇)ဆိုင်မှ ရောင်းချသော ဈေးများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ စားသုံးသူပြည်သူများ ကျန်းမာရေးအတွက် အသုံးလိုသော ဆေးများ ဘေးကင်းစွာအသုံးပြုနိုင်ရန်၊ ဈေးနှုန်းတည်ငြိမ်စွာဝယ်ယူနိုင်ရန်နှင့် ဆေးပြတ်လပ်မှု မရှိစေရန်တို့ကို လစဉ် ကျန်းမာရေးဦးစီးဌာန၊ စ
ပဲခူးတိုင်းဒေသကြီး ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် (၁၁.၁၂.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပဲခူးမြို့အတွင်းရှိ လက်လီ/လက်ကားရောင်းချနေသော ဆန်ဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဇလွန်မြို့၊ ဆန်တန်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ အဝတ်အထည် အမျိုးမျိုးရောင်းချသောလုပ်ငန်းရှင်များအား အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။