သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
22 Jul 2025
ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးသည် (၃.၇.၂၀၂၅) ရက်နေ့၌ ပိန္နဲကုန်းကျေးရွာရှိ ကံကော်ရေသန့်စက်ရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီး ဌာနတို့ နှင့် ပူးပေါင်း၍ ရေသန့်ထုတ်လုပ်သော ကံကော်ရေသန့်စက်ရုံသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ ပါသည်။
22 Jul 2025
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာတို့တွင် စားအုန်းဆီ ရောင်းချပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ စားအုန်းဆီ လက်လီအရောင်းကိုယ်စားလှယ်များရောင်းချနေမှုအား ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ဆန်စက် လုပ်ငန်းရှင်များ အသင်း၏ အမှုဆောင်သစ်ရွေးချယ်ပွဲ အခမ်းအနားကို ကျိုက်ထိုမြို့ရှိ ကျိုက်ထိုမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ၏ နေအိမ်၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။ အခမ်းအနားတွင် အသင်းတာဝန်ရှိသူတို့က ၂၀၂၃-၂၀၂၅ ထိ ယခင်သက်တမ်းကာလ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတို့ကို ကဏ္ဍအလိုက် ဆွေးနွေးကြသည်။
22 Jul 2025
၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် ငန်းတေးအိမ်ရာမှူးနှင့် ပူးပေါင်း၍ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းတို့သည် ကျိုက်လတ်မြို့နယ် ၊ အမှတ်(၃) ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနရုံးတွင် နေ့လယ် (၁၄:၀၀) နာရီအချိန်တွင် စားအုန်းဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို‌ ဆောင်ရွက်ခဲ့ပါသည်။

Pages