သတင်းနှင့် လှုပ်ရှားမှုများ
ဟင်္သာတခရိုင် ၊ မြန်အောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁.၁၂.၂၀၂၄ ရက်နေ့ ၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စာ/တဲလမ်းရှိကုန်မျိုးစုံဆိုင်များ၌ အသင့်စားမုန့်အမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၂:၀၀)အချိန်တွင် မြန်အောင်မြို့၊ ရွှေကျင်ရပ်ကွက်အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့ နံနက်(၀၈:၀၀) နာရီအချိန် တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် ကြံခင်းမြို့၊ ဘူတာလမ်း၊ ရွာသစ်ရပ်ကွက်ရှိ မုန့်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၁၀.၁၂. ၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကြံခင်းမြို့နယ်၊ မြို့ပါတ်လမ်း၊ ရွှေတောင်စုရပ်ကွက်ရှိ ဆန်သစ်ပဲကြော်ဖိုလုပ်ငန်းရှင်နေအိမ်၌ ပဲကြော်ဖိုလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၂.၂၀၂၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ညောင်ပင်ဈေးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ဆန်/စပါးကုန်သည်များအသင်းဥက္ကဌ ဦးနိုင်ထွန်းနှင့် တွေ့ဆုံ၍ ဆန်/စပါးကုန်သည်များအသင်းမှ လက်ရှိလှုပ်ရှား ဆောင်ရွက်နေမှုများအား မေးမြန်းဆွေးနွေးခဲ့ပါသည်။