
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၅.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ ကန်ဇွန်းခုံအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။
DOCA (ဧရာဝတီ)
