သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင် မြို့နယ်ရှိ Denko စက်သုံးဆီဆိုင်သို့ ၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက် (၀၈:၄၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၁၁.၁၂.၂၀၂၄ ရက်နေ့ နံနက်(၀၈:၅၀)နာရီအချိန်၌ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထန်းတပင်မြို့နယ်၊ လှိုင်သာယာ(အရှေ့ပိုင်း)နှင့် (အနောက်ပိုင်း)မြို့နယ်များတွင် ဆန်ရောင်းချခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ကြက်ဥ၊ ဘဲဥများ ဖြန့်ဖြူးရောင်းချလျက်ရှိသော ခရမ်းမြို့နယ် စည်ပင်သာယာဈေးအတွင်း/ အပြင်ရှိ ကြက်ဥ၊ ဘဲဥဆိုင်များသို့ ဒီဇင်ဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ ညနေ(၁၅း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။