ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ပခုက္ကူ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ဦးစားပေးကုန်စည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ်ရှိ သောကုန်စည်များအား ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ ကုန်စုံဆိုင် များသို့ သွား ရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ စစ်ဆေးရာ အသင့်သောက်အချိုရည်အမျိုးမျိုးနှင့် အခြားကုန်စည်များတွင် အစား အသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်နှင့် စားသုံးသူရေးရာဦးစီးဌာန၏ ကုန်အညွှန်းအမှတ် အသား နှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖော်ပြထားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များ ကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းကို အသိ ပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)