ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်ရှိဘိလပ်မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ပစ္စည်းပြတ်လပ်မှုရှိ/ မရှိအခြေအနေများ၊ ဝယ်လိုအား/ ရောင်းလိုအားများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ဘိလပ်မြေအိတ် ဈေးနှုန်းများအနေဖြင့် Apacheတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၃၅၀၀)ကျပ်၊ Alphaတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် (၂၅၅၀၀)ကျပ်ဖြင့်  ရောင်းချနေကြောင်းသိရှိရပြီး ယခင်အပတ်ဖြင့်နှိုင်းယှဉ်ပါက ဘိလပ်မြေဈေးနှုန်းများမှာ အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)