သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
24 Dec 2024

               စီးပွား‌‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်စီးမှူးရုံးသည် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဖြင့်နိုင်ငံ့ဖွံ့ဖြိုးတိုးတက်စေရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။ ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတ

24 Dec 2024

            ညောင်ဦးမြို့ရှိ ပုန်းရည်ကြီးလုပ်ငန်းများနှင့် ပုဂံလက်ဆောင်ပစ္စည်းဆိုင်များအား (၉.၁၂. ၂၀၂၄)  ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

24 Dec 2024

            နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်  (၁၀.၁၂.၂၀၂၄)ရက်နေ့ နေ့လယ် (၁၃:၀၀) အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့ပူးပေါင်း၍  ပေါင်းတည်မြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များနှင့် ဆေးဝါးရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

24 Dec 2024

             ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများအဖွဲ့သည် (၁၀.၁၂.၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဝက်ထီးကန်မြို့နယ်အတွင်းရှိ ဈေးဆိုင်များ၊ စတိုးဆိုင်များတွင် ရောင်းချနေသော အလှကုန်နှင့် ဆေးအမျိုးမျိုးရောင်းချကြသည့် ဆိုင်များသို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးအတွက်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေးခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

24 Dec 2024

            ပဲခူးတိုင်းဒေသကြီး ၊သာယာတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာဦးစီးဌာနရုံး၌  အုတ်ဖိုမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများ သည်ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆီလုပ်ငန်းလုပ်ကိုင်သူကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းလုပ်ကိုင်သူ ကုန်သည်ကြီးများ၊ စက်မှုလုပ်ငန်းသုံး စားအုန်းဆီလျှောက်ထားသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍လုပ်ငန်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

Pages