
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရန်နှင့် စားသုံးသူကို အလေးပေး၍ စီးပွားရေးဝန်းကျင်ကောင်းများ ဖန်တီးလာနိုင်စေရန်ရည်ရွယ်၍ (၁၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဒေသတွင်း စားသောက်ကုန်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသော “ရွှေမြို့သား” မြေပဲဆီ ကြော်လုပ်ငန်းနှင့် “Crown” ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်း များအား ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးရာတွင် မြို့နယ်တာဝန်ခံမှ လုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်သည့် ပြဌာန်းချက်များ၊ စီမံခန့်ခွဲရေး နည်းလမ်း အရ အရေးယူတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
