
ဇလွန်မြို့နယ်၊လမ်းမတော်တောင်ရပ်ကွက်တွင်ဆီဖြန့်ဖြူးရောင်းချပေးနေသည့် ဦးကျော်ကြီး၏ နေအိမ်တွင်၁၂.၁၀.၂၀၂၅ရက်နေ့နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်တာဝန်ခံနှင့် အဖွဲ့မှ တွေ့ဆုံပြီး ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စားသုံးသူပြည်သူများထံသို့ ဆီရောင်းချပေးမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ကျယ်ကျယ်ပြန့်ပြန့်လွှမ်းခြုံမှုအားကောင်းစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းများဖြင့်အရည်အတွက်၊အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာဖြင့် ပြည်သူများသို့ ဖြန့်ဖြူးရောင်းချပေးစေလိုရေးတို့အားဆွေးနွေးခဲ့ခြင်းနှင့်လုပ်ငန်းရှင်မှလည်း သိရှိလိုသည့် အချက်များအားပြန်လည်မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြပါတယ်။
ဆက်လက်ပြီး မြို့နယ်တာဝန်ခံမှ ဆီစာအုပ်ဖြင့် ဝယ်ယူနေသော အိမ်ထောင်စုများအား တစ်လအတွင်း ဆီရရှိမှုအကြိမ်အရေအတွက်နှင့် ဆီ (၅၀)ကျပ်သားလျင်ဝယ်ယူရသည့်ဈေးများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
DOCA (ဧရာဝတီ)
