
မကွေးတိုင်းဒေသကြီးအတွင်း စပါး ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲ၊ ရောင်းချသည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလို လားအပ်သော အဟန့်အတားများ၊ ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊နံနက် (၁၀:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဥက္ကဌ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ဦးဆောင်၍ ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်အတူ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့ ဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက မကွေးတိုင်း ဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီး တစ်တိုင်းဖြစ်ပြီး ဆန်ဖူလုံမှုအနေဖြင့် ၇၃ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် လိုအပ်သည့် ဆန်များကို ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှ မှာယူစားသုံးရပြီး တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဧရာပဒေသာဆန်ကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိပြီး လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး အတွင်းမှ ဆန်တင် ပို့မှုအတွက် ဆန်ကုန်သည်အသင်း ဥက္ကဌနှင့် ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဌ တို့၏ ထောက်ခံ ချက်ဖြင့် မျှောစာများ ထုတ်ပေးပြီး တင်ပို့လျက်ရှိရာ အခက်အခဲများ ရှိပါက အစည်းအဝေးတွင် ပွင့်ပွင့် လင်းလင်း တင်ပြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆန်စပါးသိုလှောင်မှု လုပ်ငန်းများ၊ သိုလှောင်မှု အခြေအနေများကိုလည်း စနစ်တကျ မှတ်ပုံတင်ထိန်းကျောင်းဆောင်ရွက်စေခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း သိုလှောင်ရုံ (၂၅၅)လုံး တွင် မှတ်ပုံတင်ထားလျက်ရှိပြီး (၅၈)လုံးသာလျှင် လစဉ် ကုန်ထုတ်စာရင်းများ ရေးသွင်းထားသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ကုန်ရ
သိုလှောင်ရုံအားလုံး စာရင်းရေးသွင်းသွားရန်ကိုလည်း ယခုထက် ပိုမို စိစစ်ကြပ်မတ်သွားမည်ဖြစ်ပါကြောင်း၊ စပါးဆန် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် စပါးများ ဝယ်ယူစုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စပါးပွဲစား (ကြားပွဲစား)များအား ထိန်းကျောင်းနိုင်ရန် ကြားပွဲစားစိစစ်ရေးကတ်များ ထုတ်ပေးပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထားခဲ့ရာ မကွေးတိုင်းဒေသကြီးအနေဖြင့် ပထမဆုံး ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးတစ်တိုင်းဖြစ်ပြီး ကြားပွဲစားစိစစ်ရေးကတ် (၃၅၄)ကတ် ထုတ်ပေးထားပြီး၊တစ်နှစ်သက်တမ်းပြည့်ပြီးဖြစ်သည့်ကြားပွဲစားများအား မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်စေရေး လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ ဆန်စပါးနှင့်ပတ်သက်၍ အမှာစာ(၆)စောင်အားဖတ်ကြား၍ အတည်ပြုချက်ရယူကာမကွေး တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(၂/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ဆုံးဖြတ်ချက် (၁၃)ချက်အား ချမှတ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၀:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
