သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် (၁၃-၁၂-၂၀၂၃) ရက်နေ့တွင် ဗန်းမော်မြို့၊ ကန်တော်ရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ် ရပ်ကွက်များရှိ စတိုးဆိုင်နှင့်ကုန်မျိုးစုံရောင်းချသောဆိုင်များသို့သွားရောက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမာ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၃-၁၂-၂၀၂၃) ရက်နေ့တွင် ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ မလိုင်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင် (၂)ဦးနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်နှောင်းနှောင်းဝင်းသည် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူပေါင်း၍ စားသုံးသူကာကွယ်ရေးအသိ ပညာပေး Talk Show ကို (၈-၁၂-၂၀၂၃) ရက်နေ့တွင် လူထုဗဟိုပြုဌာန Community Center ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၁၂-၁၂-၂၀၂၃)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီလုပ်ငန်းရှင်များအားဖိတ်ကြားပြီး စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦးစီးမှူးရုံးသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆.