သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jul 2024

      ၂၀၂၄ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လဲချားမြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

18 Jul 2024

       စာသုံးသူရေးရာဦးစီးဌာနသည် "ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်" ဟူသောမျှော်မှန်းချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်သော ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ  ၁၂ရက်နေ့က စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ရှိ အောင်ရတီအာလူးကြော်လုပ်ငန်းသို့သွားရောက်ပြီး ပိုင်ရှင် ဦးမင်းဇော်ထွန်းနှင့်တွေ့ဆုံခဲ့ပါသည်။

18 Jul 2024

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း၊ အိမ်သုံးဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

18 Jul 2024

    ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် တိုင်းဒေသကြီးတရားမဝင်တိုက်ဖျက်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ၊ မြိတ်ခရိုင်ဧည်ရိပ်သာတွင် နိုင်ငံတော်အခွန်ငွေမှန်ကန်စွာရရှိရေးနှင့် တရားမဝင်ကုန်သွယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးမည့်အစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆောင်ရွက်ခဲ့ကြပါသည်။

18 Jul 2024

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံ

Pages