သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
18 Jul 2024

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ ၁၆.၇.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇေယျာ‌အောင်သည် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ရွှေမြင့်မိုရ် ဆန်မျိုးစုံရောင်းဝယ်‌ရေးလုပ်ငန်းရှင် ဒေါ်လွမ်းနောနှင့် တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

18 Jul 2024

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ တွံတေးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လတ်တလောကာလတွင် ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဆေးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါး ပြတ်လပ်မှု ရှိ/မရှိကို ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

18 Jul 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၀ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝနမ်ရပ်ကွက်ရှိ “လွင်”  ကိတ် ခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

18 Jul 2024

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် ကုန်ခြောက်ဆိုင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိ အမိန့် အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီမှု ရှိ/မရှိတို့အား  ဇူလိုင်လ(၁၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

18 Jul 2024

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးနေသော ကုန်စည်များနှင့်စပ်လျဥ်း၍ ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်အချက်များ ဖော်ပြထားခြင်းရှိ/မရှိတို့အား ဇူလိုင်လ(၁၁)ရက်နှင့် ဇူလိုင်လ(၁၂)ရက်

Pages