သတင်းနှင့် လှုပ်ရှားမှုများ
ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အ.မ.က(၁၄)မြို့ဦး ကျောင်း ရှိ ဆရာ/ဆရာမ(၇)ဦး၊ ကျောင်းသား/သူ(၁၂၀)ဦး၊ စုစုပေါင်း(၁၂၇)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် မြို့နယ်တာဝန်ခံတို့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် သလိပ်ကြီးကျေးရွာ၊ “ရွှေပြည်မိုး” ဆန်စက်သို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ဘိုကလေးမြို့နယ် (၉) ရပ်ကွက် အ.လ.က ကျောင်းရှိ ဆရာ/ဆရာမ (၁၉)ဦး၊ ကျောင်းသား/သူ (၁၅၀)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးသည် (၈-၁၂-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ကုန်ပစ္စည်းများ၊ တိုင်းရင်းဆေးများကို ဝယ်ယူသုံးစွဲရာတွင် ဘေးကင်းလုံခြုံစိတ်ချမှုရှိစေရေးအတွက် ဂွေးကုန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲစာသင်ခန်းမ၌ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ
ကျိုက်လတ်မြို့နယ် ၊စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ ၊နံနက် (၁၁:၀၀) နာရီ အချိန်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍အမှတ်(၁)ရပ်ကွက်၊ နန္ဒဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ဆရာ၊ဆရာမ (၅) ဦး၊ ကျောင်းသား/သူ(၁၃၀) ဦး၊စုစုပေါင်း (၁၃၅) ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။