သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းက တောင်ငူခရိုင်မှ စားသုံးဆီလုပ်ငန်းရှင်များအား ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေးပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်းများကို ဆောင်ရွက်လျှက်ရှိရာ ဒီဇင်ဘာလ၆ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကျေးတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးဇော်ဇော်ထွေးသည် တောင်ငူခရိုင် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒုကြီးကြပ် ရေးမှူး ဦးကျော်လင်းထွန်း၊ ရေတာရည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရေနီတိုက်နယ် ကျန်းမာရေးဌာနမှ ဒေါ်စိုးသန္တာအေး၊ ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရေနီဈေး တာဝန်ခံ ဦးမင်းသိုက်တို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့်အတူ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ရေနီမြို့သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသည့် တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် ဆီကုန်သည်များနှင့် ပူးပေါင်းကာ (၁၁.၁၂.၂၀၂၃) ရက်နေ့ နံနက် ၀၈:၀၀ နာရီက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ စားအုန်းဆီများကို ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးဥပဒေအရ ဈေးကွက်အတွင်းရောင်းချနေသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူ မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်း(၁)ဦးတို့သည် ဒီဇင်ဘာလ ၇ ရက် နံနက် ၁၀:၀၀ နာရီက ကန့်ဘလူမြို့ပေါ