ဆန်ဆိုင်များအား ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ၂၄.၉.၂၀၂၅ ရက်နေ့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဒဂုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်ဖြိုးအောင် ဦးဆောင်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲအုပ်နိုင်နိုင်ထွန်းပါ(၅) ဦး၊  မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှ ရုံးအုပ် ဒေါ်နီနီသိန်းပါ(၂) ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးစိုးလွင်ပါ(၅) ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ဇာဇာထွန်း ပါ(၂) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့နယ်အတွင်း လက်လီရောင်းချလျက် ရှိသော ဆန်ဆိုင်(၅) ဆိုင်သို့ သွားရောက်၍ ဆန်ဈေးနှုန်းများ မြင့်မားစွာရောင်းချမှု မရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် လက်လီဆန်ရောင်းချနေသော ဆိုင်များအား စစ်ဆေးခဲ့ပြီး သတ်မှတ် ဈေးနှုန်းထက်ကျော်လွန်၍ ရောင်းချပါက ဥပဒေအရ အရေးယူဆောင် ရွက်မည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး စစ်ဆေးမှုပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)