
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၉.၉.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ကြံခင်းမြို့၊ တလိုင်းကွင်းအုပ်စု၊ ပေါက်တောကြီးရွာရှိ ဌေးကမ္ဘာဆန်စက်၌ ဆန်စက်လုပ်ငန်းရှင်(၁၀)ဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြို့ရေးနှင့် SME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကိုကြော်ငြာချက်ပါ ဆန်ဈေးနှုန်းများနှင့်အညီ ရောင်းချရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ အရည်အသွေးမမှန် မကန်ရောင်း ချခြင်းများ မပြုလုပ်ရန် ဆွေးနွေးပါသည်။ ထို့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဆန်ဈးကွက် ရှိရာ မြို့နယ်အတွင်း/ မြို့နယ်ပြင်ပများသို့ ချိတ်ဆက်တင်ပို့ရောင်းချခြင်း၊ တိုင်းပြင်ပများသို့ ဆန်များတင်ပို့ရောင်းချရာတွင် ကုန်တင်လွှာစနစ်ဖြင့် တင်ပို့ရောင်းချခြင်းများအား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရန်၊ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ MyRo မှတ်ပုံတင် လုပ်ငန်းစဉ်တွင် ကုန်ရ၊ ကုန်ကျန်စာရင်းများ လစဉ်ထည့်သွင်းခြင်း၊ တစ်နှစ်ပြည့် သိုလှောင်ရုံများ သက်တမ်းတိုးရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကုန်စည် နှင့်စပ်လျဉ်း၍ အာမခံချက် ပေးရာတွင်လည်း စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ် ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)