သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
21 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ စားအုန်းဆီလက်လီလက်ကား အရောင်းကိုယ်စားလှယ်ဆိုင်သို့ ဇူလိုင်လ(၇)ရက်နေ့၊ နေ့လည်(၁၁:၃၀)နာရီအချိန်တွင် စားသုံး သူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများထံသို့ လက်လီလက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူး ရုံးမှ ဦးခိုင်လွမ်းမိုးအငယ်တန်းစာရေးသည် ဓနုဖြူမြို့ (၁၁)ရပ်ကွက် (၃)လမ်းရှိဇော်ပျံမရွေးမုန့်လုပ်ငန်းသို့ (၃.၇.၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန်က သွားရောက်၍ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

21 Jul 2025
ဇူလိုင်လ ဒုတိယအပတ်တွင် တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း /အပြင်ရှိ ဆိုင်များနှင့် ရက်ကွက်များရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များသို့ ဇူလိုင်လ(၇) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေ အနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

21 Jul 2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်လက်ပံတန်းမြို့အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၁) ကျောင်းခန်းမတွင် ပြုလုပ်သော အသိပညာပေးဆွေးနွေးပွဲသို့ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ် တာဝန်ခံဦးချစ်ကိုကို၊ သာယာတတီခရိုင်သဘာဝ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဦးစီးဌာန၏ အမှိုက်အမျိုးအစား (၄)မျိုးခွဲခြား စွန့်ပစ်နိုင်ရေးအသိ ပညာပေး သရုပ်ပြပွဲ (၄.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀: ၀၀)နာရီအချိန်တွင်တက်ရောက် ခဲ့ပါသည်။

21 Jul 2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးခန်းမ၌ (၇.၇.၂၀၂၅)ရက်နေ့ နေ့လည် (၁း၀၀)နာရီအချိန်တွင် မြို့နယ်ဆန်စက် လုပ်ငန်းရှင် များအသင်းပြန်လည်ဖွဲ့စည်းနိုင်ရန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆောင်ရွက်ခဲ့ပါသည်။

