သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 Dec 2023

    ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီသီးရှိ MSMES စီးပွားရေးလုပ်ငန်းရှင်များ အဆင်ပြေလွယ်ကူချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်းပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊  ဟော်တယ်၊ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ စားသောက်ကုန်ထုတ်လုပ်သည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းသုံး စားအုန်းဆီများကို ၁ ပိဿာလျှင် ၅၉၅၀/

11 Dec 2023

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

11 Dec 2023

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊မြောက်ပိုင်းခရိုင်ရုံးမှ ဝန်ထမ်းများသည် ၅.၁၂.၂၀၂၃ ရက်နေ့ နံနက် (၁၀:၅၀) မှစ၍ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီပြတ်လပ်မှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

11 Dec 2023

     ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံ (ပဲတီစိမ်း) စိုက်တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကျုံကန်ကျေးရွာ၊ ညောင်လန်းကျေးရွာနှင့် ခရမ်းမြို့ပေါ်ရှိ နှစ်ဟောင်းကြွေးကျန်များကိုပေးဆပ်ပြီးသော ဆောင်းသီးနှံ(ပဲတီစိမ်း) စိုက်တောင်သူ (၉၀) ဦးတို့အား စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေး ခဲ့ကြောင်းသိရှိရပါသည်။

11 Dec 2023

    ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဦးစိုင်းဟုန်ရှန်(ဒု-ကြီးကြပ်ရေးမှူး)သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် မိုင်းယောင်းမြို့နယ်၊ ဝမ်ဘိုးကျေးရွာအုပ်စု၊ ပါမုန်ကျေးရွာရှိ တောင်သူဦးနွဲ့ရှန်း၏ ငရုတ်စိုက်ခင်းသို့သွားရောက်၍ ငရုတ်စိုက်ခင်းဖြစ်ထွန်းနေမှုနှင့် ဈေးနှုန်း/ဈေးကွက်အခြေအနေတို့ကိုလေ့လာခဲ့ပါသည်။

Pages