
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦး စီးဌာနမှ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ၂၁-၉-၂၀၂၅ နေ့နံနက် ၁၀ နာရီအချိန်က ပန်းတနော်မြို့နယ် ရပ်ကွက် ကုန်စုံဆိုင်ကြီးများနှင့် ဈေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်များနှင့် စပ်လျဥ်း၍ ဈေးကွက်အတွင်းနှင့် ကုန်စုံဆိုင်ကြီး များတွင် ရောင်းချနေသည့် ကလေးအာဟာရ ဖြည့်စွက်စာအမျိုးမျိုးနှင့် စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ် အသားဖော်ပြ ထားခြင်း ရှိ/ မရှိ DUMEX DUPRO အမှတ်တံဆိပ် ကလေးငယ်ဖော်စပ်စာ ၆၅၀ ဂရမ်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ များ ဆောင်ရွက်ခဲ့ကြ သည်။ ပန်းတနော်မြို့နယ်အတွင်း ရောင်းချနေသော ကလေးအဟာရဖြည့်စွပ်စာ ကုန်အမှတ်တံဆိပ်များတွင် DUMEX DUPRO အမှတ်တံဆိပ်ရောင်းချခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆိုင်တာဝန်ံခံများကို ကလေးအဧာ*ဖြည့်စွပ်စာနှင့် စပ်လျဉ်း၍ တရားမဝင်ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်ပြီး သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန်စည်များကို ဈေးကွက်အတွင်း ဦးစားပေးရောင်းချရန်ကို လမ်းညွှန်မှာကြား အသိပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦး စီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
