သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေး သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်အတူ ဇူလိုင်လ၅ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ ဆိုင်မန်နေဂျာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

21 Jul 2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၄)ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မရပ်ကွက် အ.မ.က အရှေ့ပိုင်းကျောင်းတွင် ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍ စားသုံးသူ အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင် ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တောင်ငူရိုင်ဦးစီးမှူးရုံး၏ ညှိနှိုင်းဆောင်ရွက်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ဖြူးစည်ပင်သာယာဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် ဇူလိုင် လ (၇) ရက်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်၊ ရွေလေးအင်းကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျောင်းသားကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

21 Jul 2025
တောင်ငူခရိုင်၊ ဖြူးမြို့၊ မြို့မ(၂)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ သိသင့်သိထိုက်သည့် အသိပညာ ဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းက ယင်း ကျောင်း၌ ကျင်းပ ပြုလုပ်ပါသည်။

