
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းစားအုန်းဆီရောင်းချသည့် စားအုန်းဆီလက်ကား/လက်လီ ရောင်းချသော စားအုန်းဆီ အရောင်းဆိုင်များသို့ ၂၁-၉-၂၀၂၅ ရက်နေ့ နံနက် ၈ နာရီခွဲ စားအုန်းဆီရောင်းချမှု ဈေးနှုန်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ဓနုဖြူမြို့နယ် စားအုန်းဆီ လက်ကား/လက်လီ ရောင်းချသော ဆီအရောင်းဆိုင် ၁၅ဆိုင်သို့ မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးတို့သည် ဆီရောင်းချမှုကို စစ်ဆေးဆောင်ရွက်ရာ စားအုန်းလီ လက်လီအရောင်းဆိုင်များမှ ဆီရောင်းချပိဿာ၊ သတ်မှတ်ရည်ညွှန်းဈေး၊ ဆီစာအုပ်ဖြင့် စားသုံးသူများ ဝယ်မှကို စစ် ဆေးခြင်း၊ သတ်မှတ်စည်ကမ်းချက်များအတိုင်းရောင်းချမှု ရှိမရှိကို စစ်ဆေးခဲ့ပြီး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ရောင်းချသူလုပ်ငန်းရှင်များမှ ဒေသတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်မသမာ သောနည်းလမ်းဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းများအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာလုပ်ငန်းကြီးကြပ်ရေး ကော်မတီများသို့ တင်ပြပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်း လုပ်ငန်းများကို အခါအားလျော်စွာ စောင့်ကြည်စစ်ဆေးသွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို အသိပေးရှင်းလင်းခဲ့သည်။
DOCA(ဧရာဝတီ)
