သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ရုံးလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များအား ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ဇလွန်မြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ Olive သောက်ရေသန့်လုပ်ငန်းရှင် ဦးလှမြင့်ဦးနှင့် တွေ့ဆုံ၍ ဈေးကွက်မရောက်မီ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ဆောင်ရွက် ခဲ့ပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ (၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ဇလွန်မြို့၊ လမ်းမတော်(တောင်)ရပ်ကွက်၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါ သည်။

21 Jul 2025
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ၈.၇.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင် စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်း၌ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် အခြေခံ၍ ရည်ညွှန်းဈေး(အဆိုပြုနိုင်ရေး) တောင်သူ၊ စက်ပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန်ခံ သည် FDA ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပူးပေါင်းအဖွဲ့သည် (၁.၇.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီ အချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေးအတွင်းရှိ စားသုံး ကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

