သတင်းနှင့် လှုပ်ရှားမှုများ
Powered by Drupal
21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၃.၇.၂၀၂၅)နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လေးမျက်နှာ မြို့၊ ရှမ်းရွာရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ(၄၀)ဦး နှင့် ကျောင်းသား၊ ကျောင်းသူ(၁၆၀)ဦးအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

21 Jul 2025
တောင်ငူခရိုင်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၂/၂၀၂၅)ကို (၇.၇.၂၀၂၅)ရက်နေ့ နံနက် ၁၁ နာရီက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စားသုံးသူရေးရာ ကော်မတီဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ကိုယ်စား ကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်ကအဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်း ဆောင်ရွက်ချက် များကို ဆွေးနွေးတင်ပြပါသည်။

21 Jul 2025
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်နှင့် တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ညှိနှိုင်းချက်အရ (၈.၇.၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သောအဖွဲ့က တောင်ငူမြို့ရှိ ပုဂ္ဂလိကဆေးရုံကြီးများနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။

21 Jul 2025
တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ အခြေခံစားကုန်များကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် (၁၀.၇.၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ရေတာရှည် မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများ အား ရေတာရှည်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက စားသုံးဆီများကိုလည်းကောင်း၊ ကြက်မွေးမြူရေး လုပ်ငန်းရှင်များက ကြက်ဥများကိုလည်းကောင်း သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။

21 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က.-၁) ၃.၇.၂၀၂၅ ရက်နေ့ နံနက် ၈နာရီခွဲက စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

